၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာ သူ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ အတွက် နောက်ဆုံးအခွင့်အရေး

Post Date: March 1, 2025

နည်းပညာတက္ကသိုလ်(မော်လမြိုင်)တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ နောက်ဆုံးနှစ် သင်တန်းမှ အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခြွင်းချက်အနေဖြင့် ပြင်ပဖြေကျောင်းသား၊ ကျောင်းသူအဖြစ် (၁) ကြိမ်သာ လက်ခံဆောင်ရွက်မည် ဖြစ်ပါသည်။ ၂၁.၃.၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ အောက်ဖော်ပြပါ အချက်များနှင့်တကွ နည်းပညာတက္ကသိုလ်(မော်လမြိုင်) သင်တန်းရေးရာဌာနသို့ ဆက်သွယ် ဆောင်ရွက်ရန် ဖြစ်ပါသည်။

(က) ကျောင်းသား၏ ကင်းကွာခဲ့ရသည် ခိုင်လုံသော အကြောင်းပြချက်ပါရှိသည့် အသနားခံစာ

(ခ) ရပ်ကွက်/မြို့နယ် ထောက်ခံစာ

(ဂ) ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ