ဒုတိယ ဝန်ကြီးခရီးစဉ်

Post Date: August 13, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၇ ရက် နေ့လယ်၌ နည်းပညာ တက္ကသိုလ် (မော်လမြိုင်)သို့ ရောက်ရှိခဲ့ပြီး ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး လိုအပ်ချက်တင်ပြမှုများအပေါ်  ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ထို့နောက် ဒုတိယပါမောက္ခချုပ်၏  ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နိုင်ငံတော် စဥ်ဆက်မပြတ် ဖွံ့ဖြိုးရေး လုပ်ငန်းစဥ်များကို ဆောင်ရွက်ရာ၌ အမှန်တကယ် အထောက်အကူပြုနိုင်မည့် အရည်အသွေးပြည့်မီ၍ ထူးချွန်ထက်မြက်သော အင်ဂျင်နီယာလူငယ်ကောင်းများကို စဥ်ဆက်မပြတ် ပျိုးထောင်ဆောင်ရွက်သွားရန်လိုအပ် ကြောင်း တိုက်တွန်းမှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ၏ သုတေသန ပရောဂျက်များကို ကြည့်ရှုအားပေးပြီး သုတေသနရလဒ်များမှ ဒေသတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး အတွက် လက်တွေ့ကျကျ အသုံးချနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။